ပါကစ္စတန်တရားရုံးက ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ၎င်း၏ဇနီးတို့အပေါ်ချမှတ်ခဲ့သည့် တရားမဝင်လက်ထပ်ထိမ်းမြားမှု ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့
ပါကစ္စတန်တရားရုံးက ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့၎င်းရဲ့ဇနီးသည်တို့အပေါ်ချမှတ်ခဲ့တဲ့ တရားမဝင်လက်ထပ်ထိမ်း မြားမှုနဲ့ပတ်သက်တဲ့ စီရင်မှုတွေနဲ့ ထောင်ဒဏ် ခုနစ်နှစ်စီကို ဇူလိုင် ၁၃ ရက်က ပယ်ဖျက်ပေးခဲ့ပေမယ့်လည်း တာဝန်ရှိသူတွေက ခန်းကို အကျဉ်းထောင်ကနေ လွတ်မြောက်ခြင်းမရှိစေဖို့ အလျင်အမြန် ဟန့်တားခဲ့ပါတယ်။