လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ခြင်းမရှိသူ များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေ ဆိုခဲ့ခြင်းမရှိသူတွေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။