ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဆီဆိုင်မြို့အနီရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် တပ်မတော်နှင့် PNLA အကြား သြဂုတ် ၆ ရက်ကစ၍တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဆီဆိုင်မြို့အနီရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။