ယနေ့မှစ၍ ပို့ကုန်ရငွေပမာဏ၏ ၃၅ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင် သတ်မှတ်
ပို့ကုန်ရငွေပမာဏရဲ့ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်တွေအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက်ဖို့ ပြင်ဆင်သတ်မှတ်ကြောင်း ဗဟို ဘဏ်က အမိန့်ကြော်ငြာစာအမှတ်( ၃၇/၂၀၂၄) ကို သြဂုတ် ၇ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ဒီအမိန့်ကြေညာစာဟာ ဒီကနေ့ သြဂုတ် ၈ ရက်ကစပြီး အကျိုးသက်ရောက်စေရမယ်လို့ ဖော်ပြထားပါတယ်။