'' ကျွန်တော်တို့အိမ်ထောင်ရေးက အမြဲတမ်းသာသာယာယာတော့မရှိပါဘူး၊ ကျွန်တော်တို့ဆို မျက်လုံးမမြင်ရတဲ့ မသန်စွမ်းထဲပါတဲ့အတွက်ကြောင့် ဒီအိမ်ထောင်ရေးကိုသူများပြောစရာမဖြစ်အောင်နေထိုင်နေပါတယ် '' ဆိုတဲ့ အောင်ကိုကို
'' အိမ်ထောင်မကျခင်တုန်းက ဟင်းမချက်တတ်ဘူး၊ ကျပြီးတော့လည်း ခေါက်ဆွဲပြုတ်လောက်ပဲချက်တတ်တယ်၊ နောက်ပိုင်းကျတော့ ငါကိုယ်တိုင်သူ့ကိုဟင်းချက်ပေးရင် ငါ့ကိုပိုချစ်လာမလားဆိုတဲ့အတွေးနဲ့ ဟင်းချက်တတ်အောင်သင်ယူခဲ့တယ် '' ဆိုတဲ့ အောင်ကိုကို၏ဇနီး