ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ဆုံးဖြတ်မှုအတွင်း ထိုင်းဝန်ကြီးချုပ် ရာထူးမှဖြုတ်ချခံရဖွယ်ရှိနေ
ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရဖူးသည့် ပုဂ္ဂိုလ်တစ်ဦးကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယခုသီတင်းပတ်ထဲတွင် အမိန့်ချမှတ်ရာ၌ ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင်းသည် ရာထူးမှဖြုတ်ချခံရဖွယ်ရှိကြောင်း သိရသည်။