သြဂုတ်လ ၂၄ ရက် ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- နစက၏ NSPNC ၊ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ် အဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
- MPox (မျောက်ကျောက်ရောဂါ) ကူးစက်မှုမရှိစေရန် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအားလုံး ခရီးသွားရာဇဝင် ရေးဖြည့် ရပြီး ပြည်တွင်းလေကြောင်းခရီးသွားလာသူများ ကျန်းမာရေးစစ်ဆေးမှုခံယူရမည်
- ဗဟိုဘဏ်က ငွေလဲနှုန်းတစ်ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း ထုတ်ရောင်းခဲ့ပြီးတစ်ပတ်အတွင်း ဒေါ်လာ သန်း ၁၂၀ ကျော်ထုတ်ရောင်းထား
- ပါတီညီလာခံတွင် ဒီမိုကရက်တစ်ပါတီက ရွေးချယ်သောသမ္မတလောင်းအဖြစ် အဆိုပြုမှုကိုကာမလာဟဲရစ် လက်ခံ လိုက်ပြီး ရွေးကောက်ပွဲအနိုင်ရမည်ဆိုပါက ရှေ့သို့သွားမည့်လမ်းသစ်ကို ဖောက်မည်ဟု ပြောကြား
- ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရို ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည်ဟု နိုင်ငံတော်တရားရုံးချုပ်က ကြေညာ