တိုင်ဖွန်းရာဂိတိုက်ခတ်မှုကြောင့် မြန်မာအပါအဝင် အရှေ့တောင်အာရှတွင် ကလေးသူငယ်ခြောက်သန်းနီးပါး ဘေးဒုက္ခခံစားခဲ့ရ ကြောင်း UNICEF ပြောကြား
အရှေ့တောင်အာရှမှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးမှုတွေနဲ့ မြေပြိုမှုအန္တရာယ်တွေကို ကလေးသူငယ် ၆ သန်းနီးပါးခံစားခဲ့ရကြောင်း ကုလသမဂ္ဂကလေးသူငယ်ဆိုင်ရာအေဂျင်စီ UNICEF က စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့ပြီး ဒီသဘာဝဘေးတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ပိုမိုမြင့်တက်လာခဲ့ပါတယ်။