အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မိမိကိုယ်ကိုယ် ခုခံကာကွယ်သွားမည်ဟု အီရန် သတိပေး (ရုပ်သံ)
အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အီရန်စစ်သားလေးဦး သေဆုံးခဲ့ပြီးနောက် မိမိကိုယ်ကိုယ် ခုခံ ကာကွယ်သွားမယ်လို့ အီရန်က အောက်တိုဘာ ၂၆ ရက်က သတိပေးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာ မီးကုန်ယမ်းကုန် စစ်ပွဲ ဖြစ်ပွားမယ့် အခြေအနေအတွက် စိုးရိမ်စိတ်တွေ မြင့်တက်စေခဲ့ပါတယ်။