သင်္ကြန်မှာ လျှောက်လည်တဲ့အမှတ်တရတွေများပြီး မန္တလေးသင်္ကြန်တွေ ကြုံကြိုက်ရင်လည်း ညနေပိုင်းတွေမှာ သူငယ်ချင်းတွေနဲ့ရုပ်ဖျက်ပြီး ကြုံရင်ကြုံသလို ခိုးလည်တုန်းပဲလို့ ဆိုတဲ့ လင်းလင်း
အဆိုတော်လင်းလင်းကတော့ သူ့ဘဝမှာ သင်္ကြန်နဲ့ပက်သက်ပြီး လျှောက်လည်တဲ့အမှတ်တရတွေ များတယ် လို့ဆိုကာ စင်မြင့်ဖျော်ဖြေရေးတွေမှာ ဖျော်ဖြေလည်း အောက်ကလည်တဲ့သူတွေကြည့်ပြီး လည်ပတ်တဲ့ အချိန်တွေကို ပြန်လွမ်းပြီး လည်ချင်တဲ့စိတ်ကခုထိရှိတုန်းပဲလို့ သင်္ကြန်နဲ့ပက်သက်တဲ့ အမှတ်တရတွေ ကိုခုလိုဆိုပါတယ်။