အင်ဒိုနီးရှားအစိုးရက သေဒဏ်ဖြင့်ထောင် ၁၅ နှစ်နီးပါးချထားသည့် ဖိလစ်ပိုင်နိုင်ငံသူကို မိခင်နိုင်ငံသို့ လွှဲပြောင်းပေး
မူးယစ်ဆေးမှောင်ခိုကူးမှုဖြင့် အင်ဒိုနီးရှားတွင် သေဒဏ်ချခံထားရပြီး ၁၅ နှစ်နီးပါးထောင်ထဲနေခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံသူ မယ်ရီဂျိန်း ဗယ်လိုဆို သည် ဒီဇင်ဘာ ၁၈ ရက်တွင် မိခင်နိုင်ငံသို့ပြန်ရောက်လာပြီဖြစ်သည်။