တရားမဝင် နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်း ဆောင်ရွက်လျက်ရှိသည့် လူမှုကွန်ရက် Group နှင့် Page ၁၇ ခု၊ လူပုဂ္ဂိုလ်နှင့် အကောင့်ပိုင်ရှင် ၁၀ ဦးတို့အား အရေးယူမည်ဟုဆို (ရုပ်သံ)
လူမှုကွန်ယက်ကနေတစ်ဆင့် တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်း ဆောင်ရွက်လျက်ရှိတဲ့ Facebook Group (၁၂) ခု၊ Facebook Page (၅) ခု၊ လူပုဂ္ဂိုလ်နှင့် Facebook Account ပိုင်ရှင် (၁၀) ဦးတို့ကို လုပ်ထုံး လုပ်နည်းများနဲ့အညီအရေးယူနိုင်ရေး စိစစ်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။