အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲနေသော်လည်း ဒေသခံထောင်ချီက ဘေးလွတ်ရာရွှေ့ပြောင်းကြရန် ငြင်းဆို (ရုပ်သံ)
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ မီးတောင်တစ်တောင်ပေါက်ကွဲမှုဖြစ်ပွားပြီး ချော်ပြာတွေပန်းထွက်လျက်ရှိတာကြောင့် အစိုးရဦးဆောင်တဲ့ ရွှေ့ပြောင်းကယ်ဆယ်မှုတွေကို ဒေသခံထောင်ချီက ဇန်နဝါရီ ၁၆ ရက်မှာ ငြင်းဆိုခဲ့ကြကာ ၎င်းတို့က မီးတောင်ပေါက်ကွဲမှုတွေနဲ့ နေသားကျနေပြီဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။