နှစ်ဆန်းတစ်ရက်နေ့တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်နိုင်ရန် LED BOARD ဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသ
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလဆုတ် ၅ ရက် ၊ နှစ်ဆန်းတစ်ရက်နေ့မှာ မန္တလေးမြို့မှာရှိတဲ့ မဟာမုနိရုပ်ရှင် တော်မြတ်ကြီးကို
ရဟန်းရှင်လူပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ကြစေဖို့ ဘုရားဖူးလာရောက်ကြသူတွေအတွက် မဟာမုနိ ဘုရားကြီးမှာရှိတဲ့
မဟာဗုဒ္ဓဝင်ဥယျာဉ်အတွင်း မင်္ဂလာမဏ္ဍပ်ကနေ LED BOARD နဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသထားတယ်လို့
မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံက သိရပါတယ်