လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စ ငါးပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးတွင် နှစ်ဘက် အဆိုပြုချက်များ တင်ပြခဲ့ပြီး လေးပွင့်ဆိုင် ထပ်မံဆွေးနွေးမည်
လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စနဲ့ ပတ်သက်ပြီး ငါးပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးကို လွိုင်ကော်မြို့ ကိန္ဒရာလွိုင်ကော်ဟိုတယ်မှာ မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့ပြီး ကရင်နီလူငယ်တွေနဲ့ ပြည်နယ်အစိုးရ နှစ်ဘက်စလုံးက ရုပ်တုဖယ်ရှားရေး၊ မဖယ်ရှားရေးတို့နဲ့ ပတ်သက်လို့ အဆိုပြုချက်တွေ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။