ထားဝယ်မြို့တွင် ပိုင်ဆိုင်မှု အငြင်းပွားနေသော မြေအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနက ခြံစည်းရိုးခတ်မှုအပေါ် သွားရောက်တားဆီးသည့် လယ်သမား ငါးဦး အမှုဖွင့် ဖမ်းဆီးခံရ
တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ အစိုးရ သိမ်းဆည်းထားတာကြောင့် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မြေအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ခြံစည်းရိုးခတ်မှုအပေါ် သွားရောက်တားဆီးတဲ့ လယ်သမား ၅ ဦး ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုပုဒ်မ ၆(၁)နဲ့ အမှုဖွင့်ခံရပြီး ထားဝယ်အကျဉ်းထောင်သို ့ပို့ဆောင်ထားတယ်လို့ သိရပါတယ်။