ဇန်နဝါရီ ၁၃ ရက် ညနေခင်း သတင်း အစီအစဉ်
■ ရန်ကုန်တိုင်းဒေသကြီး ၁၆ မြို့နယ်အနက် ၁၅မြို့နယ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ဒုတိယရဲချုပ်(ငြိမ်း) ဦးအောင်နိုင်သူ အပါအဝင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ အနိုင်ရရှိထား
■ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်သည့် ဇောတိက ဦးခင်လှိုင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများကို မဲတစ်သောင်းနီးပါးအသာဖြင့် အနိုင်ရ
■ အမေရိကန်အစိုးရသည် ဗင်နီဇွဲလားခေါင်းဆောင်သစ်များနှင့် အလုပ်ကောင်းကောင်းလုပ်နေသည်ဟု သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး ဗင်နီဇွဲလားယာယီသမ္မတနှင့် တွေ့မည်ဟု ဆို
■ ရီးယဲလ်မက်ဒရစ်အသင်း နည်းပြရာထူးက အလွန်ဆို ထုတ်ပယ်ခံရပြီး အာဘီလိုအာနဲ့ အစားထိုး















