ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
- မလေးရှားနိုင်တွင် UNHCR ကတ်အတုပြုလုပ်မှုအပါအဝင် စွဲချက် ၁၇ ခုဖြင့် တရားစွဲခံရသည့် မြန်မာနိုင်ငံသား ထောင်ဒဏ် ၁၃ နှစ် ခုနစ်လ ချမှတ်ခံရ
- ကားမီးလောင်မှုများ ဆက်တိုက်နီးပါးဖြစ်ပွားနေသဖြင့် ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် မီးသတ်ဆေးဗူး ပါရှိရမည်ဆိုသည့် ညွှန်ကြားချက်ကြောင့် မီးသတ်ဆေးဗူးများ ရောင်းကောင်းပြီး ဈေးတက်
- ၈၆ ရက်ကြာကျင်းပမည့် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတွင် ရွှေစက်တော် မန်း ချောင်းအပန်းဖြေ ဆင်စခန်း၌ ဆင်ပြတိုက် (Elephant Museum) ဖွင့်လှစ်ပြသမည်
- ကမ္ဘာတစ်ဝန်းတွင် ဂျာနယ်လစ် ၃၀၀ ကျော် အကျဉ်းကျနေမှု ငါးနှစ်ဆက်တိုက်ရှိလာကြောင်း စောင့်ကြည့်လေ့လာ ရေးအဖွဲ့ ထုတ်ပြန်
- ပရီးမီးယားလိဂ်မှာ ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် လီဗာပူးလ် ရပ်တည်















