ဖေဖေါ်ဝါရီ ၂၀ ရက် ညနေခင်း သတင်း အစီအစဉ်
■ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့၏ ကပြဖျော်ဖြေသရုပ်ဖော်မှုများတွင် မသန်စွမ်းမှုကိုသရော်ထားသည့် လုပ်ဆောင်ချက်များအပေါ် ပြင်းထန်စွာရှုတ်ချပြီးထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်မည်ဟု ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) သတင်းထုတ်ပြန်
■ ဘင်္ဂလားပင်လယ်အော်တွင်ဆက်လက်တည်ရှိနေသော လေဖိအားနည်းရပ်ဝန်းမှာ သိသိသာသာရွေ့လျားခြင်းမရှိဘဲ နောက် ၂၄ နာရီအတွင်း သီရိလကာၤနိုင်ငံ သို့ ဦးတည်ရွေ့လျားနိုင်ဟု ခန့်မှန်း
■ တောင်ကိုရီးယားတရားရုံးက သမ္မတဟောင်း ယွန်းဆော့ယိုကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်
■ အခုတစ်ပတ်ကြားရက်မှာ ပွဲကစားဖို့မရှိတဲ့အတွက် ကစားသမားတွေကို ဒူဘိုင်းမှာ သွားရောက်အပန်းဖြေစေခဲ့ကြောင်း လီယမ် ရိုစီနီယာ ပြောကြား















