စည်ပင်ရွေးကောက်ပွဲတွင် သတ်မှတ်အသုံးစရိတ်ထက် ပိုမိုအသုံးပြုထားပါက ကိုယ်စားလှယ်လောင်းအဖြစ်မှ ထုတ်ပယ်မည်ဟု စည်ပင်ရွေးကောက်ပွဲဥက္ကဋ္ဌ ပြောကြား
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ မဲဆွယ်စရိတ်ထက် ပိုမိုအသုံးပြုထားပါက အဲဒီကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိသွားပါကလည်း ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါတယ်။