သြဂုတ် ၂၂ ရက်နေ့ နံနက်ခင်းသတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)
• ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆောက်အအုံ ရောင်းဝယ်၊ တည်ဆောက်ခြင်းအတွက် အခွန်စည်းကြပ် စံနှုန်းများမှာ လက်ရှိမြေပြင်ကာလပေါက်ဈေးနှင့်ကွာဟနေသဖြင့် ပြန်လည်ပြင်ဆင်နိုင်ရန် အစည်းအဝေးပြုလုပ်
• ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုး ကုသပေးလျက်ရှိပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၆ခုနစ်အထိ ခြင်ဆီအစားထိုး လူနာ ၇၀ ဦး ကုသပေးခဲ့ပြီးဖြစ်
• တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် မြန်မာအခြေစိုက် လူကုန်ကူးဂိုဏ်းတစ်ခု၏ အဖွဲ့ဝင် ၁၇ ဦးကို တရုတ်က တရားစွဲဆို
• Moderna နှင့် Merck ကုမ္ပဏီများက mRNA နည်းပညာအခြေပြုထားသည့် ကင်ဆာရောဂါ ကာကွယ်ဆေး စမ်းသပ်မှုကို ကြေညာ
• ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူခဲ့ကြောင်း ဘာစီလိုနာအတည်ပြု















