၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ရုပ်ရှင်လုပ်ငန်းဝင်ငွေ ဒေါ်လာ ၉၆ ဒသမ ၈ ဘီလျံ စံချိန်တင်ရရှိ
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း ရုပ်ရှင်လုပ်ငန်းကနေ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၈ ဘီလျံ ရရှိခဲ့တယ်လို့ အမေရိကန်ရုပ်ရှင်အသင်း MPAA ကနေ ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာတစ်ဝန်း ရုပ်ရှင်ရုံတွင်း ဝင်ရောက် ကြည့်ရှုမှုကနေ ရရှိခဲ့တဲ့ ဝင်ငွေတွေအပြင် အိမ်တွင်းကနေ ဒီဂျစ်တယ်ပလက်ဖောင်း မျိုးစုံကနေ ကြည့်ရှုမှုကနေ ရတဲ့ ဝင်ငွေတွေလည်း ပါဝင်လို့ ဆိုပါတယ်။