တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တွေ့ဆုံမှုများတွင် မဖြစ်နိုင်သည်များကို တောင်ဆိုခြင်းထက် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ဆောင်မှုများသာ ပြုလုပ်ရန်တပ်မတော်ပြော
တိုင်းရင်းသားလက်နက်ကိုင် (EAO)အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တိုးတက်တဲ့ လက္ခဏာဆောင်တယ်ဆိုတာကို လက်ခံပေမယ့် တွေ့ဆုံမှုတွေမှာ မဖြစ်နိုင်တာတွေကို တောင်းဆိုတာမျိုးထက် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ လုပ်ဆောင်မှုတွေသာပြုလုပ်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ်စိုးနိုင်က ပြောပါတယ်။