ထိုင်းရွေးကောက်ပွဲအပြီး လူထုထောက်ခံမဲအသာရထားသည့် စစ်တပ်ကျောထောက်နောက်ခံပြု ပါတီကအစိုးရဖွဲ့နိုင်ရန် အခြေအနေကောင်းနေ
ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီး ပထမဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးပါတီတွေ ဟာအစိုးရဖွဲ့နိုင်ဖို့အတွက် မတ်လ ၂၆ ရက်နေ့မှာအပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပြီးလက်ရှိမှာတော့ လူထုထောက်ခံမဲအသာရထားတဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီကပဲအစိုးရဖွဲ့နိုင်ဖို့ အခြေအနေကောင်းနေတာ ဖြစ်ပါတယ်။