သရုပ်ဆောင် ကိုကိုဦးနဲ့ဇနီးဖြစ်သူ ကတော့ သားဖြစ်သူ ရွှေကြို သီဟအောင်အတွက် ဝမ်းသာပီတိ များဖြစ်လို့နေပြီး ဖခင်ကိုယ်တိုင်တောင် မတက်လှမ်းဖူးသေးတဲ့ ရုပ်ရှင်ထူးချွန်ဆု ပေးတဲ့စင်မြင့်ပေါ်ကို သားဖြစ်သူကတက်ရောက်ခွင့်ရယုံမက ဆုရရှိသူတွေရဲ့ရွှေစင်ရုပ်ထုကိုပါ ခတ္တကိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူနေခဲ့ပါတယ်။တစ်ချိန်ကျလို့ သားလေးအကယ်ဒမီရတာကိုသာမြင်ရရင် ပိုပြီးမင်္ဂလာရှိမယ်လို့ လည်း ပြောခဲ့ပါတယ်။ သီဟအောင်အနေနဲ့လည်း ၂၀၁၈ အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုအဖြစ်ပါဝင်ခွင့်ရရာကနေ ကြော်ငြာနဲ့ရုပ်ရှင်ကားတွေပါ ရိုက်ကူးဖို့အခွင့်အရေးလာပြီဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၈ အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုအဖြစ်ပါဝင်ခွင့်ရရာကနေ ကြော်ငြာနဲ့ရုပ်ရှင်ကားတွေပါ ရိုက်ကူး ဖို့အခွင့်အရေးရလာပြီဖြစ်တဲ့ သရုပ်ဆောင်ကိုကိုဦးရဲ့ သားဖြစ်သူ သီဟအောင်