မလိုလားအပ်သည့် နိုင်ငံရေး အကျပ်အတည်းနှင့် ဘေးထွက်ဆိုးကျိုး မဖြစ်စေရန် ဖွဲ့စည်းပုံပြင်ဆင်ရေး နည်းလမ်းများအတိုင်း လုပ်ဆောင်သွားရမည်ဟု ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
ဖွဲ့စည်းပုံပြင်ဆင်တဲ့နေရာမှာ မလိုလားအပ်တဲ့ နိုင်ငံရေး အကျပ်အတည်းနဲ့ ဘေးထွက်ဆိုးကျိုး မဖြစ်စေဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး နည်းလမ်းတွေအတိုင်း ဥပဒေနဲ့အညီ အဆင့်ဆင့် လုပ်သွားရမှာဖြစ်တယ်လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။