ယာဉ်အသင်းများအနေဖြင့် လက်မှတ်ခနှုန်းထားများကို ပုံမှန်ထက် ပိုမိုတောင်းခံမှုမပြုရန်နှင့် အရေးပေါ်လိုအပ်မှုအတွက် ထိုင်ခုံ ငါးနေရာ ချန်ထားပေးရန် မန္တလေးတိုင်းယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ(အဝေးပြေး)မှ ညွှန်ကြားထား
သင်္ကြန်ပွဲတော်ကာလ မတိုင်မီနဲ့ ပွဲတော်အပြီးကာလတွေမှာ နေရပ်ပြန်တဲ့ ခရီးသွားဧည့်သည်တွေ များတာကြောင့် ကားလက်မှတ် ဝယ်ယူမှုအခက်အခဲတွေ ရှိတဲ့အတွက် အရေးပေါ်လိုအပ်မှုတွေ ရှိလာပါက စီစဉ်ပေးနိုင်ဖို့အတွက် ယာဉ်အသင်းတစ်သင်း ကို ထိုင်ခုံ ငါးနေရာစာ ချန်ထားပေးဖို့ မန္တလေးတိုင်းဒေသကြီးယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (အဝေးပြေး)မှ ညွှန်ကြားထားတယ်လို့ သိရပါတယ်။