AA အဖွဲ့နှင့် ထိတွေ့မှုများအတွင်း ရဲတပ်ဖွဲ့ဝင် ၂၇ ဦးကျဆုံးပြီး အရပ်သား သေဆုံးမှု ၁၂ ဦး ရှိခဲ့ကာ မတ်လ ၂၄ ရက်အထိ စစ်ဘေးရှောင်ပေါင်း ၁၇၃၀၀ ကျော်ရှိ
ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ ထိတွေ့မှုတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၂၇ ဦး ကျဆုံးပြီး အရပ်သား သေဆုံးမှု ၁၂ ဦး ရှိခဲ့ကာ မတ်လ ၂၄ ရက်အထိ စစ်ဘေးရှောင်ပေါင်း ၁၇၃၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။