One Championship ပြိုင်ပွဲရဲ့ ၂၀၁၈ Bout of the year ဆု ရရှိခဲ့တဲ့ အောင်လအန်ဆန်နဲ့ ဟဆဲဂါ၀ါတို့ရဲ့ ယှဉ်ပြိုင်ထိုးသတ်ပုံမြင်ကွင်း

One Championship ပြိုင်ပွဲရဲ့ ၂၀၁၈ Bout of the year ဆု ရရှိခဲ့တဲ့ အောင်လအန်ဆန်နဲ့ ဟဆဲဂါ၀ါတို့ရဲ့ ယှဉ်ပြိုင်ထိုးသတ်ပုံမြင်ကွင်း
Published 31 March 2019

One Championship ပြိုင်ပွဲရဲ့ ၂၀၁၈ Bout of the year ဆုကို မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါတို့ ရန်ကုန်မှာ ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲက ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်က ဟဆဲဂါ၀ါကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်နဲ့ ဟဆဲဂါ၀ါတို့ဟာ မတ်လ (၃၁)ရက်၊ ဂျပန်နိုင်ငံမှာ ဒုတိယအကြိမ်မကျေပွဲ ပြန်လည်ထိုးသတ်သွားမှာဖြစ်ပါတယ်။ အောင်လအန်ဆန်က ၂၀၁၇ ခုနှစ်၊ ဇွန်လမှာ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဟဆဲဂါ၀ါ၊ ကရာကီတို့နဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲတွေ ထိုးသတ်ခဲ့ပြီး နှစ်ပွဲစလုံး အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အောင်လအန်ဆန်ရဲ့ တတိယအကြိမ်မြောက် မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲက ဘယ်လိုဖြစ်လာမလဲ။ အိမ်ရှင်ဂျပန်နိုင်ငံပရိသတ်ရှေ့မှာ ဟဆဲဂါ၀ါ အောင်ပွဲရမလား၊ အောင်လအန်ဆန်ကပဲ ချန်ပီယံဆု ဆက်လက်ထိန်းသိမ်းနိုင်မလား။ ပထမအကြိမ်ထိုးသတ်ခဲ့တုန်းက Bout of the year ဆုရရှိတဲ့အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သလို၊ ဒီတစ်ခါမှာရော ပရိသတ်အကြိုက်ပွဲကြီးပွဲကောင်းဖြစ်လာမလား ရင်ခုန်ရပါမယ်။ အောင်လအန်ဆန်နဲ့ ဟဆဲဂါ၀ါတို့ရဲ့ ပထမအကြိမ်ပွဲစဉ်က အကြိတ်အနယ်မြင်ကွင်းတွေကို ပရိသတ်တွေ ပြန်လည်ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Most Viewed

Most Recent