တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို လက်ခံတွေ့ဆုံပြီး စစ်ဘက်၊ ဆေး ဘက်နှင့် အကြမ်းဖက်မှုတိုက်မှုတိုက်ဖျက်ရေးများတွင် ပူးပေါင်းပါဝင်ရေး ဆွေးနွေး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး Colonel General Alexander V. Fomin ကို မတ် ၃၀ ရက် မနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။