ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဖြတ်သန်းမည့်ယာဉ်အမျိုးအစားအချို့အတွက် ယာဉ်ကြံ့ခိုင်မှုပိုင်းအပါအဝင် သတ်မှတ် ချက်များထုတ်ပြန်ခဲ့ပြီး ကိုက်ညီမှုမရှိပါက ဧပြီ ၈ ရက်မှစကာ ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်ကြံ့ခိုင်မှုပိုင်းအပါအဝင် ဖြတ်သန်းမယ့်ယာဉ်အမျိုးအစားအချို့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ကြေညာခဲ့ပြီး သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုမရှိတဲ့ယာဉ်များကို ဧပြီ ၈ ရက်မှစကာ ဖြတ်သန်းခွင့်ပြုတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။