မြန်မာအမျိုးသမီးအသင်း နဲ့ အင်ဒိုနီးရှားအမျိုးသမီးအသင်း (ဧပြီ ၆ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ) မန္တလေးမြို့၊ မန္တလာသီရိကွင်းမှာ ၂၀၂၀ တိုကျိုအိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းဟာ အင်ဒိုနီးရှားအမျိုးသမီးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ အဖွင့်ပွဲမှာနီပေါကို ဂိုးပြတ်အနိုင်ရထားတဲ့ မြန်မာအမျိုးသမီးအသင်းက တတိယအဆင့်ခြေစစ်ပွဲတက်ရောက်နိုင်ရေးအတွက် အရေးပါတဲ့နိုင်ပွဲကို အင်ဒိုနီးရှားနဲ့ပွဲမှာထပ်ပြီး ရယူသွားမလား။ အင်ဒိုနီးရှားအသင်းကို မြန်မာအမျိုးသမီးအသင်း ဂိုးပြတ်အနိုင်ရမလား၊ နီပေါနဲ့ပွဲတုန်းက ရာနှုန်းပြည့်ပုံစံကောင်းမပြနိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးတိုက်စစ်ပိုင်းကို ဘယ်လိုပြင်ဆင်လာမလဲ။ မြန်မာအမျိုးသမီးဘောလုံးလောက တိုးတက်လာအောင်၊ မြန်မာအမျိုးသမီးအသင်း အောင်မြင်မှုတွေ ပြန်လည်ရရှိလာအောင် ဘာတွေပြင်ဆင်ရမလဲဆိုတာ Eleven Sports က အကြီးတန်းအယ်ဒီတာ ကိုညီညီစိုးညွန့်၊ သတင်းထောက် ကိုကောင်းထက်နဲ့ အကြီးတန်းအယ်ဒီတာ ကိုလင်းအာကာတို့က သုံးသပ်တင်ဆက်ပေးထားပါတယ်။