ကနီမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာ ၁၉ ရွာအတွင်းရှိ လူနေအိမ် ၇၂ လုံး ထိခိုက်ပျက်စီးခဲ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ဧပြီ ၆ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာ ၁၉ ရွာအတွင်းက လူနေအိမ် ၇၂ လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနရုံးက တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားခဲ့ပါတယ်။