စစ်ကိုင်းတိုင်းဒေသကြီးရှိ ဇလုံတောင်ကာဝန်း(ခမိုး) ယာဉ်ရပ်နားစခန်းလုပ်ပိုင်ခွင့်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသခံများနှင့် လုပ်ငန်းရှင်များကို ချပြပေးခဲ့ခြင်းမရှိဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြောကြား
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်ကာဝန်း (ခမိုး) ယာဉ်ရပ်နားစခန်းကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဒေသခံတွေနဲ့လုပ်ငန်းရှင်တွေကို ချပြခြင်းမရှိဘဲ ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့ ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟန်က ပြောပါတယ်။