တီကျစ်ဒေသတွင် ကျောက်မီးသွေး စက်ရုံ မှ ထွက်ရှိသော ပြာမှုန်များ ကြောင့် ကျန်းမာရေး ထိခိုက်ခံစားမှုများ ရှိနေကြောင်း ဒေသခံများ ပြောကြား
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကို်ယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ဒေသမှာ ရှိတဲ့ ကျောက်မီးသွေးသုံးရေနွေးငွေ့ဓါတ်အားပေးစက်ရုံ ကနေ စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေနဲ့ ထွက်ရှိ လာတဲ့ ပြာမှုန်တွေကြောင့် ကျန်းမာရေး ထိခိုက်ခံစားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။