(၂၆) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များကို ကုန်သည်များ မှာယူမှု နည်းပါးနေသဖြင့် ရောင်းချရန် မသေချာသေး
(၂၆) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်တွေကို ထီကုန်သည်တွေဘက်က မှာယူမှု နည်းပါးနေတာကြောင့် ရောင်းချဖို့ မသေချာသေးဘူးလို့ ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်ုးဆုဌာနခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က ပြောပါတယ်။