ရခိုင်အရေးအပါအဝင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်အပေါ် တရုတ်နိုင်ငံအနေဖြင့် ရပ်တည်ပေးမှုများအတွက် ကျေးဇူးတင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား
ရခိုင်အရေးအပါအဝင် မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်အပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည်ပေးမှုတွေအတွက် ကျေးဇူးတင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာန စစ်ဦး စီးချုပ်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။