အမြန်လမ်းမကြီး ၂၆၈ မိုင်အနီးတွင် ခရီးသည်တင်ယာဉ်တစ်စီးတံတားအောက်သို့ ထိုးကျတိမ်းမှောက်ရာမှ ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၂၆၈ မိုင်အနီးမှာ ဧပြီ ၁၀ ရက် နံနက်အစောပိုင်းက မန္တလေးဘက်မှ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စီး အမြန်လမ်းတံတား အောက်သို့ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၁၂ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။