အဝေးပြေး ကားဝင်းများအနီး ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရေး ယာဉ်ထိန်းအင်အား တိုးမြှင့် ဆောင်ရွက်ထားဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူ ပြော
သြင်္ကန်ရက်နီးကပ်လာပါက နေရပ်ပြန်သူ များပြားတာကြောင့် အောင်မင်္ဂလာအဝေးပြေးနဲ့ ဒဂုံဧရာ အဝေးပြေးကားဝင်းတွေအနီးမှာ ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေဖို့ ယာဉ်ထိန်းအင်အားကို တိုးမြှင့်ချထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုတိယရဲမှူးကြီး သိန်းဦး က ပြောပါတယ်။