ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်းတွင် မြန်မာနိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းများ၌ တပ်မတော်က ပူးပေါင်း ပါဝင်သွားမည်ဟု တရုတ်သမ္မတနှင့်တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ၊ ကာကွယ်ရေးဝန်ကြီး တို့နဲ့ ဧပြီ ၁၀ ရက်က သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းမှာ မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် စီမံကိန်းများမှာ တပ်မတော်က ပူးပေါင်း ပါဝင်သွား မယ်လို့ တရုတ်သမ္မတနှင့်တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။