ဂျူလီယန်အက်ဆန်အား မိခင်နိုင်ငံ သြစတြေးလျမှ မည်သည့်အခွင့်ထူးကိုမှ ပေးမည်မဟုတ်ဘဲ တူညီသည့် နိုင်ငံသားအခွင့်အရေးနှင့် အကူအညီကိုသာ ရရှိမည်ဟု သြစတြေးလျဝန်ကြီးချုပ် ပြောကြား
ဗြိတိန်မှာ ဖမ်းဆီးခံထားရတဲ့ ဝီကီလိခ်ဝက်ဘ်ဆိုဒ် တည်ထောင်သူ သြစတြေးလျနိုင်ငံသား ဂျူလီယန်အက်ဆန်အနေနဲ့ မိခင်နိုင်ငံကနေ မည်သည့်အထူးအခွင့်အရေးမျိုးကိုမှ ခံစားခွင့်ရှိမှာမဟုတ်ဘူးလို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဧပြီလ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။