ပခုက္ကူမြို့နယ် ရေမျက်ကျေးရွာအုပ်စုရှိ ရှေးဟောင်းဂေါတမမြတ်စွာဘုရားကြီး ပုရဝုဏ်အတွင်း စေတီတွင်လှူဒါန်းထားသည့် ရွှေထည်ပစ္စည်းများ တန်ဆောင်မုန်းလပြည့်ညက ခိုးယူခံရ
ပခုက္ကူမြို့နယ်၊ ရေမျက်ကျေးရွာအုပ်စုရှိ ရှေးဟောင်းဘုရားတစ်ဆူဖြစ်တဲ့ ဂေါတမမြတ်စွာဘုရားကြီး ပုရဝုဏ်အတွင်းက စေတီတော်ရဲ့ ငှက်မြတ်နားတော်မှာ လှူဒါန်းထားတဲ့ ရွှေထည်ပစ္စည်းတွေ နိုဝင်ဘာလ(၂၂)ရက် တန်ဆောင်မုန်း လပြည့်နေ့ညက ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။