ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ၎င်း၏လုပ်ရပ်များအတွက် တာဝန်ခံခိုင်းရန် နိုင်ငံရေးနှင့် စီးပွားရေး နည်းလမ်းမျိုးစုံကို အသုံးပြုသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဗင်နီဇွဲလားနိုင်ငံရဲ့ အကျပ်အတည်းအတွက် သမ္မတနစ်ကိုးလပ်စ် မာဒူရိုကို တာဝန်ခံခိုင်းဖို့ အမေရိကန်အစိုးရ အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးနည်းလမ်းမျိုးစုံ အသုံးပြုကာ ဖိအားပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီရိုကပြောပါတယ်။