အမျိုးသမီးများ အလုပ်အကိုင် ပိုမိုရရှိလာစေရန် မြှင့်တင်ပေးမည့် အမေရိကန်အစိုးရ၏ စီမံကိန်းအတွက် အီသီယိုပီးယားနိုင်ငံသို့ အိုင်ဗန်ကာထရန့် ရောက်ရှိ
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမျိုးသမီးတွေ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးအတွက် အမေရိကန်အစိုးရက ဒေါ်လာသန်းငါးဆယ် မတည်ပေးမယ့် စီမံကိန်းအတွက် သမ္မတဒေါ်နယ်ထရန့်ရဲ့ သမီးဖြစ်သူ အိုင်ဗန်ကာ ထရန့်ဟာ လေးရက်ကြာ အာဖရိကခရီးစဉ်အဖြစ် အီသီယိုပီးယားနိုင်ငံကို ရောက်ရှိနေတယ်လို့ သိရပါတယ်။