ပိုမိုလှပသည့် Notre-Dame ဘုရားကျောင်းကြီး ဖြစ်လာအောင် ငါးနှစ်အတွင်း ပြန်တည် ဆောက်သွားမည်ဟု ပြင်သစ်သမ္မတ ကတိပြု
ပဲရစ်မြို့လယ်က မီးလောင်ပျက်စီးသွားတဲ့ အထင်ကရ Notre-Dame (နိုထရာဒိန်း) ဘုရားကျောင်းကြီးကို ငါးနှစ်အတွင်း ပိုပြီးလှပတဲ့ ဘုရားကျောင်းကြီးအဖြစ် ပြန်တည်ဆောက်သွားမယ်လို့ ပြင်သစ်သမ္မတက ဧပြီ ၁၆ ရက်မှာ ကတိပြုလိုက်ပါတယ်။