မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပိတ်ပွဲပြုလုပ်ခဲ့သည့် မန်းရွှေစက်တော်ဘုုရားပွဲတော် ပိတ်ပွဲပြီးသည်အထိ ဘုရားဖူးများစည်ကားခဲ့
၆၈ ရက်ကြာ ကျင်းပခဲ့တဲ့ မကွေးတိုုင်းဒေသကြီး၊ မင်းဘူး(စကုု)မြို့နယ်အတွင်းမှာရှိတဲ့ မန်းရွှေစက် တော်ဘုရားပွဲတော်ကို ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်) နေ့ နံနက်ပိုင်းက အစဉ်အလာမပျက် ပိတ်ပွဲကျင်းပခဲ့ပြီး ပွဲတော်ပိတ်ပွဲပြီးတဲ့အထိ ဘုုရားဖူးတွေလာရောက်မှုဟာ အရင်နှစ်ကထက် များပြားခဲ့ပါတယ်။