■ ရခိုင်အရေးနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးခုံရုံးအား အကြံပေးနိုင်ရန် ဥပဒေအကြံပေး အဖွဲ့အား တပ်မတော်အရာရှိ ငါးဦးဖြင့် ဖွဲ့စည်း
■ အိုင်ဗရီကို့စ်နိုင်ငံတွင် မြန်မာ့ဆန် အရည်အသွေး မမှီဟုဆိုကာ ဖျက်ဆီးခဲ့သောဖြစ်စဉ်ကို အသေးစိတ် စုံစမ်းဖော်ထုတ်သွားမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူများပြောကြား
■ သင်္ကြန်ကာလ နေရပ်ပြန်မြန်မာလုပ်သားများ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ထွက်ခွာနေပြီး မဲဆောက်-ဘန်ကောက်ကားခ စျေးမြင့်တက်ကာ လက်မှတ်ဝယ်ယူရန် အခက်အခဲရှိနေ
■ လာဘ်စားမှုဖြင့် အဖမ်းခံရခါနီး ပီရူးသမ္မတဟောင်း သူ့ကိုယ်သူ သေနတ်ဖြင့် ဦးခေါင်းကိုပစ်ကာ သတ်သေခဲ့
■ အာဆင်နယ်ကို ပြန်လည်အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်စွမ်းရှိသည်ဟု နာပိုလီနည်းပြ အန်ဆယ်လော့တီ ကြုံးဝါး
အစရှိတဲ့ သတင်းတွေအပြင် ပြည်တွင်းနှင့်နိုင်ငံတကာ သတင်းတွေပါဝင်ပါတယ်။