ဂျပန်က ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ဓာတ်ပေါင်းဖိုများအား ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွင်ပြည်ပ လုပ်သားများကို ပထမဆုံးအကြိမ် ခေါ်ယူမည်
ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ဓာတ်ပေါင်းဖိုများအား ဖျက်သိမ်းရေး လုပ်ငန်းစဉ်အတွက် ဂျပန်ဟာ ဗီဇာစည်းမျဉ်းသစ်များအရ ဂျပန်ဘာသာစကား ကျွမ်းကျင်သည့် ပြည်ပလုပ်သားများ၏ အကူအညီများကို ပထမဆုံးအကြိမ် ရယူသွားမယ်လို့ တိုကျို အီလက်ထရွန်နစ်စွမ်းအင်ကုမ္ပဏီ (TEPCO) က ဧပြီ ၁၈ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။