အိုင်ဗရီကိုစ့်တွင် မြန်မာ့ဆန် စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးခံခဲ့ရသော်လည်း အာဖရိကစျေးကွက်သို့ မြန်မာ့ဆန် ဆက်လက်တင်ပို့မည်
မြန်မာပြည်ကတင်ပို့ခဲ့တဲ့ ဆန်အချို့ အိုင်ဗရီကိုစ့်နိုင်ငံမှာ စားသုံးရန်မသင့်ဟုဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့ သတင်းတွေရှိပေမယ့် အာဖရိကသို့ ဆန်တင်ပို့နေတဲ့စျေးကွက်ကို ထိခိုက်မှာမဟုတ်ဘဲ ဆန်တင်ပို့မှု ဆက်ရှိနေမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကနေ သိရပါတယ်။