ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းသို့ သွားသည့်လမ်းကို သိမ်းဆည်းယာမြေများပေါ်မှ ဖြတ်သန်းဖောက်လုပ်ရန် စီစဉ်နေမှုကို ဒေသခံတောင်သူများက ကန့်ကွက်တားဆီး
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောက်နေတဲ့ တစ်နေ့လျှင်တန်(၅၀၀၀)ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းသို့ သွားရာလမ်းအတွက် သိမ်းဆည်းယာမြေတွေပေါ်ကနေ ဖြတ်သန်းဖောက်လုပ်ဖို့ စီစဉ်နေတာကို ဒေသခံတောင်သူတွေက ဧပြီလ၂၃ရက်နေ့၊ မနက်ပိုင်းက ကန့်ကွက်တားဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။